မြန်မာနိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်တဲ့ မြန်မာ့ကော်ဖီကို ဂုဏ်ပြုအနေနဲ့ မြန်မာ့ကော်ဖီခင်းပုံ(၂၀၀)ကျပ်တန် အထူး ထုတ်စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို မတ်လ(၂၇)ရက်မှာ ရောင်းချပေးသွားမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းကနေ သိရပါတယ်။

အဲဒီ မြန်မာ့ကော်ဖီခင်းပုံ စာပို့တံဆိပ်ခေါင်းသစ်ကို မတ်လ(၂၇) ရက်၊ မနက် ၉ နာရီခွဲအချိန်က စတင်ပြီး နေပြည် တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ စာတိုက် ကြီးတွေမှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာတိုက် ကြီးတို့မှာ မတ်(၂၇)ရက် ဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေနဲ့ ပထမနေ့စာအိတ်တွေပေါ်မှာ နေ့စွဲအမှတ်အသား တံဆိပ်ကို ရိုက်နှိပ်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။




