တောင်ကိုရီးယားရဲ့ အကြီးဆုံးဘက်ထရီလုပ်ငန်း ကုန်စည်ပြပွဲ InterBattery 2026 ကို မတ် ၁၁ ရက်က စတင် ဖွင့်လှစ်လိုက်ပြီး ကိုရီးယားအဓိကကုမ္ပဏီတွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေက ခေတ်မီဘက်ထရီ နည်းပညာတွေကို သုံးရက်ကြာ ပြသနေပါတယ်။ အမေရိကန်၊ သြစတြေးလျ၊ ဂျာမနီ၊ တရုတ်နှနဲ့ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက ကုမ္ပဏီပေါင်း ၆၇၀ နီးပါးက ဆိုးလ်မြို့ရှိ Coex(ကိုးအက်စ်) Convention Center မှာကျင်းပတဲ့ အခုနှစ်ပြပွဲမှာ ပြခန်းပေါင်း ၂၃၀၀ ကျော်နဲ့ ပြသမှာဖြစ်တယ်လို့ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနဲ့သယံဇာတအရင်းအမြစ်ဝန်ကြီးဌာနက ပြောပါတယ်။

ဒီပြပွဲက ကမ္ဘာလုံးဆိုင်ရာ ဘက်ထရီလုပ်ငန်းမှာ ခါးဆက်ပြတ်နေတာကို တုံ့ပြန်ဖြေရှင်းပေးမဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နဲ့ စွမ်းအင်သိုလှောင်မှုစနစ် (ESS)တွေ တိုးချဲ့ဆောင်ရွက်ရေးကို ဆွေးနွေးဖို့အပြင် ကာကွယ်ရေး၊ ရိုဘော့ တစ်နဲ့ မြို့ပြလေကြောင်းသွားလာရေး စတဲ့ ထွန်းသစ်စလုပ်ငန်းတွေမှာ ပေါ်ပေါက်လာမဲ့ ဘက်ထရီနည်းပညာ အသုံးချမှုတွေကို ဆွေးနွေးဖို့ နေရာတစ်ခုကို ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ဒါ့အပြင် အမေရိကန်ရဲ့ အခွန်ကောက်ခံမှုအစီအစဉ်နဲ့ ဥရောပသမဂ္ဂရဲ့ ဘက်ထရီစည်းမျဉ်းဥပဒေတွေ အပါအဝင် ဒီကဏ္ဍကို ထိခိုက်မှုဖြစ်စေတဲ့ အဓိက စီးပွားရေးနိုင်ငံတွေရဲ့ ကုန်သွယ်ရေးမူဝါဒတွေအပေါ် ဘက်ထရီလုပ်ငန်းက တုံ့ပြန်နိုင် ရေးကိစ္စတွေအတွက် ဆွေးနွေးတာ တွေကိုလည်း ဒီပြပွဲမှာ မြှင့်တင်ပေးမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။




