ကမ္ဘောဒီးယားနိုင်ငံက အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်တဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်နေရာမှာ ဖေဖော်ဝါရီ ၂၃ ရက်အထိ မြန်မာနိုင်ငံသား စုစုပေါင်း ၁၂၅၄ ယောက်ကို ပြန်လည်ခေါ်ဆောင်ပြီးဖြစ်တယ်လို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံသား ၈၇ ယောက်ကို တပ်မတော်လေယာဉ်နဲ့ မြိတ်မြိုကို ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ညပိုင်းမှာ မြန်မာနိုင်ငံသား ၈၁ ယောက်ကို တပ်မတော်လေယာဉ်နဲ့ ရန်ကုန်မြိုကို ပြန်လည် ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို ဆိုပါတယ်။မြိတ်မြိုကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို ညနေပိုင်းမှာ တပ်မတော်လေယာဉ်နဲ့ ရန်ကုန်မြိုကို ဆက်လက်ပိုဆောင်ခဲ့ပြီး ရန်ကုန်မြိုကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲက စီစဉ်ပေးတဲ့ မော်တော်ယာဉ်တွေနဲ့ စုရပ်နေရာတွေကို ပိုဆောင်ပေးခဲ့တယ်လို သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ မှတ်တမ်းတွေ စာရင်းကောက်ယူပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လိုလည်း သိရပါတယ်။




