မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် AGM Committee က ကြီးမှူးကျင်းပတဲ့ ၁၁ ကြိမ်မြောက် နည်းပညာဆိုင်ရာဟောပြောပွဲ (Technical Knowledge Sharing Seminar) ကို ဖေဖော်ဝါရီလ ၂၂ရက်က လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှာ ကျင်းပပြုလုပ်ပါတယ်။ဆွေးနွေးဟောပြောပွဲမှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က “ထိရောက်သော အင်ဂျင်နီယာဆိုင်ရာ ဦးဆောင်မှု” ခေါင်းစဉ်နဲ့ ဆွေးနွေးပါတယ်။

အင်ဂျင်နီယာပညာနဲ့အတူ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ အများနဲ့ ပေါင်းသင်းဆက်ဆံရေး၊ အပြောအဆို၊ နားထောင်တဲ့အရာတွေကို ဆွေးနွေးဟောပြောတာဖြစ်ပြီး တတ်တဲ့၊ သိတဲ့လူက မသိတဲ့ မတတ်တဲ့သူကို ဟောပြောတဲ့ ပုံစံမဟုတ်ဘဲနဲ့ ကိုယ်နားလည်တဲ့အရာကို မျှဝေခြင်းဖြစ်ကာ နားထောင်တဲ့သူတွေ စဉ်းစားတတ်အောင် ၊ တွေးခေါ်တတ်အောင်၊ ဆင်ခြင်တတ်အောင် ရည်ရွယ်တာဖြစ်တယ်လို့ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။အဲဒီနောက် စစ်ကိုင်းနည်းပညာတက္ကသိုလ်က ပါမောက္ခ ဌာနမှူး ဒေါက်တာလှမျိုးအောင်က “မြေစွမ်းအားအကြောင်း သိကောင်းစရာခေါင်းစဉ်၊ Super Seven Stars ကုမ္ပဏီက ကုန်ထုတ်လုပ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဦးမြင့်ဝင်းက “နိုင်ငံတကာအဆင့်မီ ကုန်ထုတ်လုပ်မှု လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး” ခေါင်းစဉ်တွေနဲ့ အင်ဂျင်နီယာနည်းပညာပိုင်းဆိုင်ရာသိကောင်းစရာတွေကို အသီးသီးဆွေးနွေးခဲ့ကြပါတယ်။

အင်ဂျင်နီယာတွေဖွံ့ဖြိုးတိုးတက်ဖို့၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ ၊ နိုင်ငံတော်ရဲ့စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး အခုလိုဆွေးနွေးဟောပြောပွဲတွေ ကျင်းပပြုလုပ်ပေးနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ပြောပါတယ်။ (Interview)ဆွေးနွေးပွဲကို တက်ရောက်လာကြသူတွေကလည်း သိလိုတဲ့အကြောင်းအရာတွေကို မေးမြန်းဆွေးနွေးကြပါတယ်။အဲဒီနောက် ဆွေးနွေးဟောပြောခဲ့ကြသူတွေကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ဂုဏ်ပြုမှတ်တမ်းလွှာတွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။




