ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ် ၊ ၉ ရပ်ကွက် ၊ ရတနာပုံ ၄ လမ်းမှာ ဇန်နဝါရီလ ၂၀ ရက် ည ၉ နာရီခွဲ က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့နေရာကို သာကေတမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီးထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ည၉ နာရီ ၄၄ မိနစ်မှာ မီးငြိမ်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။မီးလောင်မှုအကြောင်းအရင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်မထားသေးပေမယ့်လည်း လမ်းအတွင်းနေထိုင်သူတစ်ယောက်ကတော့ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ကနေ ဝါယာလျော့ဖြစ်ရာကနေ စတင်လောင်ကျွမ်းတာဖြစ်တယ်လ်ို့ ပြောပါတယ်။မီးလောင်မှုကြောင့် ဆိုင်ခန်း ၃ခန်းတွဲမှာ တစ်ခန်းမီးလောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။




