လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)က လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(၂၀၀)ကို မြန်မာနိုင်ငံမီးသတ်ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ရဲ့ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ထပ်ဆင့်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ(၈) ရက်က မနက်ပိုင်းက လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်ရှိ ဇေတဝန်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးမှာ သွားရောက်ကူညီမှုတွေ ဆောင်ရွက်ခဲ့တဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်u ပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)မှာ လူမှုကူညီကယ်ဆယ်ရေးအသင်းပေါင်း(၁၄၀)ကျော် ရှိတာဖြစ်ပြီး အခုထပ်ဆင့်မှတ်တမ်းလွှာပေးအပ်ရာမှာတော့ မိတ်ဖက်အဖွဲ့အစည်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)ရဲ့ နာယကဆရာတော် ဦးပညာ(ပုဂံဆရာတော်)က အဖွင့်အမှာစကားပြောကြားပြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက အမှာစကား အသီးသီး ပြောကြားခဲ့ကြပါတယ်။အဲဒီနောက် ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာတွေရရှိခဲ့တဲ့ လူမှုအဖွဲ့အစည်းတွေကို တာဝန်ရှိသူတွေက ဂုဏ်ပြုမှတ် တမ်းလွှာတွေ အသီးသီးပေးအပ်ခဲ့ကြပါတယ်။




