ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်အုပ်စု၊ ထိန်ပင်ကျေးရွာ ပြောင်ဖူးစိုက်တောင်သူတွေဟာ ဆောင်းရာသီမှာ ထွက်ရှိတဲ့ပြောင်းဖူးတွေ ဈေးကောင်းရရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။အဲဒီကျေးရွာတွေမှာ ပြောင်းဖူးကို မိုးကာလမှာ အစိုက်များကြပြီး ဆောင်းရာသီမှာတော့ ပြောင်းဖူးကို ရေသွင်း စိုက်ရတဲ့အတွက် စိုက်ပျိုးသူနည်းပါးတယ်လို့ သိရပါတယ်။

ပြောင်းဖူးစိုက်ပျိုးရာမှာ တစ်ဧကကို ကျပ်ဆယ်သိန်းလောက် ကုန်ကျပြီး စိုက်ပျိုးစရိတ်တွေနဲ့ ပတ်သက်လို့ ပြောင်းဖူးစိုက်တောင်သူ ဦးမျိုးစန်းဦးက ပြောပါတယ်။ပြောင်းဖူးတစ်ဧကစိုက်ရင် ရောင်းတန်းဝင်ပြောင်းဖူး ရှစ်ထောင်နဲ့တစ်သောင်းကြား ထွက်ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြောင်းဖူးတစ်ဖူးကို ကျပ်သုံးရာငါးဆယ်ဈေးသာရှိပြီး အခုနှစ်မှာတော့ တစ်ဖူးကို ငါးရာလောက် ပေါက်စျေးရှိတယ်လို့ သိရပါတယ်။




