ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်မှာ ဇန်နဝါရီလ(၃)ရက်နေ့ကလူဦးရေ အယောက် ၁၀၀၀၀ စာအတွက် စတုဒိသာကျွေးမွေးလှူဒါန်းနေတာ ဖြစ်ပါတယ်။

ပြည်သူ့ရင်ပြင်မှာ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဈေးရောင်းပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲကို ကျင်းပနေတာဖြစ်ပြီး အဲ့ဒီပွဲကို လာရောက်လည်ပတ်ကြတဲ့သူတွေကို ကျွေးမွေးလှူဒါန်းတာဖြစ်တယ်လို သိရပါတယ်။စတုဒီသာအဖြစ် ထမင်းဖြူ၊ မြေပဲဆီစမ်းနဲ့ အာပြဲခြောက် ငရုတ်သီးကြော်တိုကို နေ့လည်စာအတွက် လူဦးရေ ၅၀၀၀ စာ၊ ညနေစာအတွက် လူဦးရေ ၅၀၀၀ စာ စုစုပေါင်း လူဦးရေ ၁၀၀၀၀ စာ ကျွေးမွေးတာဖြစ်တယ်လို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲဆီကသိရပါတယ်။ပွဲတော်ကိုဇန်နဝါရီ ၁ ရက်ကနေ ၄ ရက်အထိ ကျင်းပနေတာဖြစ်ပြီး အဲ့ဒီ (၄)ရက်စလုံးကို စတုဒီသာကျွေးမွေးသွားမှာဖြစ်တယ်လို ဆိုပါတယ်။

အခုလိုစတုဒိသာကျွေးမွေးလှူဒါန်းတာကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရဲ့ စီမံခန့်ခွဲမှုနဲ့ ကျွေးမွေးတာဖြစ်တယ်လို သိရပါတယ်။ ဒါ့အပြင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၁ရက် ညပိုင်းကကျင်းပတဲ့ ၂၀၂၆ခုနှစ် နှစ်သစ်ကူးပွဲတော်ကို လာရောက်တဲ့ ပြည်သူတွေကိုလည်း ကြက်ဥကြာဆံကြော် ဘူးရေ ၇၀၀၀ ၊ ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့မှာထမင်းဖြူ၊ငါးခြောက်ကြော်နဲ့ငရုတ်သီးကြော်ဘူး(၁၀၀၀၀) ကျွေးမွေးလှူဒါန်းခဲ့တယ်လို သိရပါတယ်။ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း စတုဒိသာအဖြစ် ထမင်းဖြူ ၊ ကြက်ဥကြော်နဲ့ ငရုပ်သီးကြော်တိုကို မနက်ပိုင်းမှာ ဘူး၅၀၀၀၊ ညနေပိုင်းမှာ ဘူး၅၀၀၀ ကျွေးမွေးလှူဒါန်းခဲ့တယ်လို သိရပါတယ်။




