မြန်မာနိုင်ငံနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား ဉာဏ်ရည်တုနည်း ပညာ(AI) ကဏ္ဍမှာ နှီးနှောဖလှယ်မှုတွေ ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနကနေ သိရပါတယ်။

ဒီလို နှီးနှောဖလှယ်တာတွေ လုပ်ဆောင်နိုင်ဖို့ ဆန်းသစ်တီထွင်မှုနှင့်ဒစ်ဂျစ်တယ်အတတ်ပညာ မြှင့်တင်ရေး လုပ် ငန်းကော်မတီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ နန်နင်းမြို့ကို ဒီဇင်ဘာ ၅ ရက်က လေ့လာရေးခရီးစဉ် သွားခဲ့ကြပါတယ်။ခရီးစဉ်မှာ ဒုတိယဝန်ကြီးဟာ ကွမ်ရှီး ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ ချန်ဂန်နဲ့ ကွမ်ရှီး ကွန်မြူနစ်ပါတီ ကော်မတီရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ နှစ်နိုင်ငံဘုံအကျိုးကျေးဇူး ဖြစ်ထွန်းစေမဲ့ မြန်မာနိုင်ငံနဲ့ AI ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ AI အပါအဝင် ထွန်းသစ်စ ဒစ်ဂျစ်တယ် နည်းပညာတွေကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် ဌာနတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေတဲ့ အ ကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ဒါ့အပြင် မကြာမီမှာ အမျိုးသားအဆင့် ဉာဏ်ရည်တုနည်းပညာ မဟာဗျူဟာနဲ့ မူဝါဒတွေကို ရေးဆွဲခဲ့ပြီး ချမှတ် ဆောင်ရွက်သွားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။




