ရန်ကုန်တိုင်းဒေသကြီးအတွင်း (၂၀၂၅-၂၀၂၆) ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲမှာ ဆုရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆုကြေတွေ တိုးမြှင့်ကာ ချီးမြှင့်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောပါတယ်။ဘင်ခရာပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)မှာ ဒီဇင်ဘာ(၁)ရက်ကနေ (၃)ရက်အထိ ကျင်းပ ခဲ့တာဖြစ်ပြီး ဆုချီးမြှင့်ပွဲကိုတော့ ဒီဇင်ဘာ(၃)ရက်မှာ ကျင်းပတာဖြစ်ပါတယ်။

အခုနှစ်မှာတော့ အလှူရှင်တွေ လှူဒါန်းငွေနဲ့ ဆုရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆုကြေးတိုးမြှင့် ချီးမြှင့် ခဲ့တာ ဖြစ်တယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောပါတယ်။ ဘင်ခရာပြိုင်ပွဲမှာ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာအဖွဲ့(၂၄)ဖွဲ့က အုပ်စု(၂)စုခွဲကာ ယှဉ်ပြိုင်ခဲ့ကြတာပါ။ပြိုင်ပွဲမှာဆုကြေးအဖြစ် ဆုရရှိတဲ့ကျောင်းအလိုက်နဲ့ ကျောင်းသား၊ကျောင်းသူ တစ်ဦးချင်းစီတွေကို ပထမဆုကနေ ပဉ္စမဆုအထိနဲ့ ကျန်ရှိတဲ့အဖွဲ့တွေက အထူးဆု၊ ကျိုင်းကိုင်အကောင်းဆု ရရှိသူတွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ တာဝန်ရှိသူတွေက ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးခဲ့ပါတယ်။အခုနှစ်ကျင်းပတဲ့ (၂၀၂၅-၂၀၂၆)ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲကို အရင်နှစ်ထက် ဝင်ရောက်ပြိုင်ပွဲတဲ့ကျောင်းတွေ များပြားခဲ့တယ်လို့ သိရပါတယ်။




