အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာ နေရာ တချို့ကနေ ဆုတ်ခွာပြီးနောက် ဒေသတွင်း ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဂါဇာကို ပြလည်ထိန်းချုပ်ဖို့ ဟားမာ့စ် အဖွဲ့က သူတို့ရဲ့ တိုက်ခိုက်ရေးသမား ၇၀၀၀ ကို ပြန်လည် ခေါ်ယူလိုက်တာကို Reuters သတင်းမှာဖော်ပြထားပါတယ်။

စစ်ပွဲပြီးတဲ့ အခါ ဂါဇာကို ဘယ်သူ အုပ်ချုပ်မလဲ ဆိုတာ မရေရာမှုတွေ မြင့်တက်လာနေချိန်မှာ အခုလို ဟားမာ့စ်တို့ရဲ့ တပ်ဖွဲ့ဝင် ပြန်ခေါ်မှာကို အများက မျှော်လင့်ထားပြီး ဖြစ်ပါတယ်။ဒါဟာ ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ် ရဲ့ နောက်ပိုင်း အဆင့်တွေ အတွက် အဓိက အငြင်းပွားဖွယ်ရာ အချက်တစ်ခု ဖြစ်ပါတယ်။ ဂါဇာမှာ ပျောက်ဆုံးနေတဲ့ ပါလက်စတိုင်း ရုပ်အလောင်းတွေကို ရှာဖွေဖို့ ဟားမာ့စ် ဦးစီးတဲ့ အရပ်ဘက် ကာကွယ်ရေး အေဂျင်စီကအပျက် အစီး တွေအကြားမှာ တူးဖော်ရှာဖွေ နေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

အေဂျင်စီရဲ့ အဆိုအရ လူ ၉၅၀၀ ပျောက်ဆုံးနေဆဲ ဖြစ်ပါ တယ်။အစ္စရေး နိုင်ငံ တဲလ်အဗစ် Tel Aviv မြို့မှာတော့ ဓားစာခံတွေ လွှတ်ပေးရေး တောင်းဆိုတဲ့ အပတ်စဉ် စုဝေးမှုတွေ ပြုလုပ်နေရာ ဒီတစ်ခါ နောက်ဆုံးအကြိမ် ဖြစ်မယ်လို့ မျှော်လင့်နေကြပါတယ်။အစ္စရေးနဲ့ ဟားမာ့စ်အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ဟားမာ့စ်တို့က ဓားစာခံအားလုံးကို ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။အစ္စရေး ဆေးရုံတွေမှာ ပြန်လွတ်လာမယ့် ဓားစာခံတွေကို လက်ခံဖို့ ပြင်ဆင်နေကြပြီး ဟားမာ့စ် အနေနဲ့ တနင်္လာနေ့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီမှာ လွှတ်ပေးရမှာ ဖြစ်ပါတယ်။



