မက္ကဆီကိုနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၇ ဦးထက်မနည်းသေဆုံးပြီး ပျောက်ဆုံးနေသူ အများအပြားရှိတယ်လို့ အာဏာပိုင်တွေက အောက်တိုဘာလ ၁၀ ရက်နေ့က ပြောကြားခဲ့တာကို ကိုးကားပြီး Reuters သတင်းမှာဖော်ပြထားပါတယ်။မိုးရွာသွန်းမှုကြောင့် မြေပြိုမှုတွေဖြစ်ပွားခဲ့သလို လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး မြစ်ချောင်းတွေလည်း ကျိုးပေါက်သွားတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Hidalgo ပြည်နယ်ရှိ အရပ်ဘက် ကာကွယ်ရေး အာဏာပိုင်တွေက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း အစီရင်ခံခဲ့ပြီး အနည်းဆုံး အိမ်ခြေ ၁၀၀၀ နဲ့ စာသင်ကျောင်း ရာပေါင်းများစွာ ပျက်စီးခဲ့တယ်လို့လည်း ပြောထားပါတယ်။ဒါ့အပြင် Puebla ပြည်နယ် မှာလည်း မြေပြိုမှုလို ဖြစ်စဉ်တွေကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးပြီး ငါးဦး ပျောက်ဆုံးနေတယ်လို့လည်း ပြည်နယ် အုပ်ချုပ်ရေးမှူးက သတင်းထုတ်ပြန်ခဲ့ပါတ




