ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA ရဲ့ ကော်မတီနှစ်ခုမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင် မြင့်ဝေနဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမျိုးသမီး ဘောလုံးကော်မတီအဖွဲ့ဝင်၊ ရန်ကုန်ယူနိုက်တက် အမျိုးသမီး အသင်းဥက္ကဋ္ဌ ဒေါ်ကလျာဇော်တို့နှစ်ယောက် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် က ထုတ်ပြန်ပါတယ်။

ဖီဖာရဲ့ လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီ အဖွဲ့ဝင်အဖြစ် ဦးထိပ်ခွန်နောင်မြင့်ဝေနဲ့ ဖီဖာရဲ့ အမျိုးသမီး ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်အဖြစ် ဒေါ်ကလျာဇော်တို့ ရွေးချယ်ခံရတာပါ။ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသူတွေအနေနဲ့ အခု ၂၀၂၅ ခုနှစ်ကနေ ၂၀၂၉ ခုနှစ်အထိ သက်တမ်း ငါးနှစ် တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA Football Social Responsibilty Committee) ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်တာ ခံရပါတယ်။




