ကာဇက်စတန်နိုင်ငံကို အလုပ်သဘောခရီးရောက်ရှိနေတဲ့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၈ ရက်၊ ဒေသစံ တော်ချိန် မနက်ပိုင်း က အက်စတာနာမြို့ရှိ Astana International Financial Center(အက်စတာနာအပြည် ပြည်ဆိုင်ရာငွေကြေးဗဟိုအဖွဲ့)ကို သွားရောက်လေ့လာစဉ် AIFC အုပ်ချုပ်မှုဆိုင်ရာဘုတ်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ဘတ်တီယာ တလယူဘက်ကိုစ်နဲ့ ကုမ္ပဏီတွေက ကာဇက်စတန်နိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ် ဆောင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို (AIFC)အုပ်ချုပ်မှုဆိုင်ရာဘုတ်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာဘတ်တီယာ တလယူ ဘက်ကိုစ်နဲ့ တာဝန်ရှိသူတွေက ကြိုဆို နှုတ်ဆက်ပါတယ်။အဲဒီနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေဟာ စင်တာအတွင်းလိုက်လံကြည့်ရှုလေ့လာကြပြီး ဌာနအလိုက် တာဝန်ခံတွေရဲ့ ရှင်းလင်းတင်ပြမှုတွေအပေါ် သိရှိလိုတာတွေကို ပြန်လည် မေးမြန်းဆွေး နွေးပါတယ်။အဲဒီနောက်မှာတော့ (AIFC) အုပ်ချုပ်မှုဆိုင်ရာ ဘုတ်အဖွဲ့ ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ၊ ကာဇက်စတန်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာကုမ္ပဏီတွေက တာဝန်ရှိသူတွေက (AIFC)ဆိုင်ရာ အချက်အလက်တွေ၊ နည်းပညာတိုးတက်မှုမြင့်မားပြီး ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ ဆန်းသစ်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ ကာဇက်စတန်နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်တွေဖော်ဆောင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်ဆောင်ရွက်နေမှုနဲ့ လာရောက်

ရင်းနှီး မြှုပ်နှံသူတွေအတွက် အခွင့်အလမ်း၊ နည်းပညာဆိုင်ရာတို့အပြင် စိတ်ချလုံခြုံစွာ လုပ်ကိုင် နိုင်ရေး စီမံဆောင်ရွက်ပေးထားမှု၊ မြန်မာနိုင်ငံနဲ့ ကာဇက်စတန်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်း တွေဆောင်ရွက်နေမှုနဲ့ တိုးမြှင့်ဆောင်ရွက်နေမှု၊ စက်မှုလက်မှုနဲ့ ကုန်သွယ်ရေးအလိုက် လုပ်ငန်းတွေဆောင်ရွက် နေမှုတို့နဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြပါတယ်။ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေဟာ စင်တာအတွင်းရှိ Museum of Trust အတွင်း ကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုတွေအပေါ် သိရှိလိုတာတွေ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါတယ်။Astana International Financial Center (AIFC)ဟာ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၅ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ကာဇက်စတန်နိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍဖွံဖြိုးတိုးတက်စေဖို့နဲ့ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ် ကမ်း လှမ်းနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။Belt and Road Initiative (BRI) စီမံကိန်းတို့နဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်ပြီး အာရှအလယ်ပိုင်းဒေသကအစပြုကာ အရှေ့အလယ်ပိုင်းဒေသတရုတ်နိုင်ငံ၊ မွန်ဂိုလီးယား နိုင်ငံတွေအထိ ကမ္ဘာအနှံဖြန့်ကျက်နိုင်ဖို့ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။




