ကာဇက်စတန်နိုင်ငံကို အလုပ်သဘောခရီးရောက်ရှိနေတဲ့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၈ ရက်၊ ဒေသစံတော် ချိန်ညနေပိုင်းက အက်စတာနာမြိုရှိ အမျိုးသားပြတိုက်ကို သွားရောက်လေ့လာပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နဲ့အတူ ခရီးစဉ်မှာလိုက်ပါလာတဲ့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယ ဝန်ကြီးတွေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနဲ့ တာဝန်ရှိသူတွေ လိုက်ပါလေ့လာပါတယ်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲဝင်တွေဟာ ပြတိုက်အတွင်း လိုက်လံကြည့်ရှုလေ့လာကြပြီး ပြတိုက်တာ ဝန်ရှိသူတွေရဲ့ ရှင်းလင်းတင်ပြမှုတွေအပေါ် သိရှိလိုတာတွေကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါတယ်။အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲဝင်တွေကို အက်စတာနာမြို အုပ်ချုပ်ရေးအဖွဲက ဒုတိယမြို တော်ဝန်အဆင့် ပုဂ္ဂိုလ်တစ်ယောက်က ပြတိုက်အတွင်း မြိုပြတည်ဆောက်ပုံကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြတိုက်မှတ်တမ်းစာအုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး လက်ဆောင်ပစ္စည်းတွေ အပြန်အလှန်လဲလှယ်ခဲ့ကြပါတယ်။ကာဇက်စတန် အမျိုးသားပြတိုက်ဟာ အာရှအလယ်ပိုင်းမှာ အကြီးမားဆုံးနဲ့ အဆန်းသစ်ဆုံးပြတိုက်တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ပြတိုက်မှာတော့ ခန်းမ(၁၁)ခုပါဝင်ပြီး အဲဒီခန်းမတွေမှာ အရင်ခေတ်ကနေ အခုချိန်အထိ ဖြစ်ပေါ်ခဲ့တဲ့ ကာဇက် စတန်နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုများစွာကို ပုံဖော်ပြသထားပါတယ်။ပြတိုက်ကိုတော့ အပတ်စဉ် တနင်္လာနေ့တိုင်းပိတ်ပြီး အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။အမျိုးသားပြတိုက်အတွင်း ကာဇက်စတန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို သိရှိစေဖိုအတွက် ကာဇက် စတန်၊ ရုရှားနဲ့ အင်္ဂလိပ်ဘာသာစကားတွေနဲ့ ရေးသားဖော်ပြထားပါတယ်။




