မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ် ၂၀၂၅ ကို ဩဂုတ် ၃၀ ရက်က ရန်ကုန်မြို့၊ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမမှာ ကျင်းပပြုလုပ်ပါတယ်။

နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေး၊ အမျိုးသားမဟာဗျူဟာနဲ့ ပတ်သက်တဲ့ အခြေခံအသိပညာ ဗဟုသုတတွေ ရရှိ စေဖို့နဲ့ လူငယ်တွေအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှု နဲ့ ဆက်သွယ်ရေးကျွမ်းကျင်မှု အရည်အချင်းတွေ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖိုရမ်ကိုတော့ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစား နှင့် လူငယ် ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ နဲ့ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့တို့က ပူးတွဲစီစဉ် ကျင်းပတာ ဖြစ်ပါတယ်။
ဖိုရမ်ကိုတော့ ဩဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၁ ရက်ထိ ၃ ရက်တိုင်တိုင် ကျင်းပမှာ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသ ကြီး အပါအဝင် တိုင်းဒေသကြီး နဲ့ ပြည်နယ် အသီးသီးက လူငယ်အယောက် ၄၀၀ တို့က စကားဝိုင်း ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဖိုရမ်မှာ လူငယ်တွေအတွက် ပညာရေးနဲ့ လာမယ့် ရွေးကောက်ပွဲအကြောင်းအရာတွေကို ပညာရှင်တွေက ဆွေးနွေး သွားကြမှာဖြစ်ပြီး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့သူတွေက ဝိုင်းဝန်းဆွေးနွေးတဲ့ အစီအစဉ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။




