ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊ ၁၀၆ ရပ်ကွက်မှာ ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံအသစ် တည်ဆောက်နေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းကနေ သိရပါတယ်။

ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း စဉ်ဆက်မပြတ် ဓာတ် အားပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံအသစ်တည်ဆောက်တာ၊ ထရမ်စဖော်မာတွေ ဝန်အား တိုးမြှင့်တာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။အဲဒီဓာတ်အားခွဲရုံအသစ် တည်ဆောက်နေမှုကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အခုဘဏ္ဍာနှစ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးစားဆောင်ရွက်ဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးမှာ လေးနာရီလာ လေးနာရီပျက် စနစ်နဲ့ အလှည့်ကျ ဓာတ်အား ဖြန့်ဖြူး ပေးနေတယ်လို့ သိရပါတယ်။




