နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလ ၆ လ တိုးမြှင့်သတ်မှတ်ထားတာဟာ ဇန်နဝါရီ ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အဲဒီနေ့မှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ)အစည်းအဝေး ကျင်းပပြုလုပ်ဖို့ ရှိတယ်လို့ သိရ
ပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ အရေးပေါ် ကာလကို ၆ လ သက်တမ်းတိုးထားတာဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်မှာ ကာလုံအစည်းအဝေး ခေါ်ယူပြီး အရေးပေါ်ကာလကို သက်တမ်း ထပ်တိုးဖို့ ရှိနေတယ်လို့လည်း နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောပါတယ်။
လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီးရင်တော့ ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပ နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့လည်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားတာ ရှိပါတယ်။

ပြီးခဲ့တဲ့ ကာ/လုံအစည်းအဝေးကိုတော့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူပြီး ဆေးကုသမှုခံယူနေတဲ့အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်တွေကို လိုအပ် သလို ဆောင်ရွက်နိုင်ဖို့အတွက် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ ယာယီသမ္မတ တာဝန် ဝတ္တရားတွေကို လွှဲပြောင်းအပ်နှံခဲ့တာ ရှိပါတယ်။
ကာလုံအစည်းအဝေး ခေါ်ယူပြီး သက်တမ်းထပ်တိုးနိုင်ခြေ ရှိမရှိနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်မှုတွေ ဘယ် လို ရှိလာမလဲဆိုတာနဲ့ ပတ်သက်လို့ ပြည်သူတစ်ယောက်က အခုလို သုံးသပ်ထားပါတယ်။
ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပမယ်လို့ ပြောထားတာဖြစ်လို့ ကာလုံမှာ အရေးပေါ်ကာလ နောက်ထပ် တစ် ကြိမ် သက်တမ်းတိုးပြီးရင်တော့ လာမယ့် ကာလတွေမှာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ် လာ နိုင်တယ်လို့လည်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။




