စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့အနီးမှာ အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းက အင်အား ရစ်(ခ်)တာ စကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်၊၊

ကနီမြို့ရဲ့ အနောက်ဘက် (၂၁) မိုင်ခန့်အကွာ အနက် (၈၄)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ပြီးတဲ့ နောက်ဆက်တွဲမြေငလျင်ငယ်တွေ လှုပ်ခတ်မှုကလည်း (၂၃၇)ကြိမ် ရှိထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ လက်ရှိအချိန်ထိ ထုတ်ပြန်ချက် တွေအရ သိရပါတယ်။




