ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လာမယ့်နိုဝင်ဘာ(၂၃)ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်၊ မြန်မာစံတော်ချိန်ည(၇) နာရီအချိန်ထုတ်ပြန်တဲ့ ဘင်္ဂလားပင်လယ်အော်အခြေအနေ ထုတ်ပြန်ချက်မှာ အခုလိုပါရှိတာပါ။
နောက်(၂)ရက်အတွင်း ခန့်မှန်းချက်မှာတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကွက် ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့လည်း ကြေညာထားပါတယ်။
ဒါ့အပြင် ထူးခြားတဲ့ မိုးလေဝသအခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြန်ရာမှာလည်း လက်ရှိ တောင်တရုတ်ပင်လယ် ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း“မန်ရီ”ဟာ အနောက်တောင်ဘက်ကို ရွေ့လျားနိုင်ပြီး နိုဝင်ဘာ(၂၀)ရက် ညနေပိုင်းမှာ အပူပိုင်း မုန်တိုင်းငယ်အဖြစ်ကို အားလျော့သွားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။