ရုရှားနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်ကို ရောက်ရှိနေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လ ၂၉ ရက်၊ ဒေသစံတော်ချိန် မနက်ပိုင်းက Baikal ရေကန်အနီး Molodost Resortကို သွားရောက်လေ့လာပါတယ်။

လေ့လာရာမှာတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နဲ့ အတူ ဇနီး ဖြစ်သူ ဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစောနဲ့ ဇနီး၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် နဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ တပ်မတော်က အရာရှိကြီးတွေ လိုက်ပါကြပါတယ်။




