လာမယ့် သီတင်းကျွတ်ရုံးပိတ်ရက်ရှည် လာရောက်လည်ပတ်မယ့် ပြည်တွင်း ခရီးသွားတွေ များပြားတဲ့အတွက် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ အင်းလေး၊ တောင်ကြီး၊ ဘားအံ ဒေသတွေက ဟိုတယ်အခန်းတွေ ပြည့်နေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်မိုးကြည်က One News ကို ပြောပါတယ်။

လက်ရှိမှာတော့ ပုဂံ၊ ချောင်းသာ၊ ငွေဆောင်တို့က ဟိုတယ်တွေ အားလုံး နီးပါး ဖွင့်လှစ်ထားပြီး ကြိုတင်ဘိုကင်တင် ထားသူတွေလည်း များပြားနေတယ်လို့ ဆိုပါတယ်။သီတင်းကျွတ်ရုံးပိတ်ရက်ရှည်ကာလဖြစ်သလို ရာသီပွဲတော်တွေလည်း ရှိတဲ့အတွက် သွားလာလည်ပတ်လို့ ရတဲ့ ဒေသတွေက နေရာတွေကို ပြည်တွင်းခရီးသွားတွေ လာရောက်လည်ပတ်မှု မပြတ်တာ ဖြစ်တယ်လို့ ဦးအောင် မိုးကြည်က ပြောပါတယ်။

လက်ရှိမှာတော့ ပြည်တွင်း ခရီးသွားတွေ သွားလာမှုတွေ ရှိပေမယ့် ပြည်ပခရီးသွားတွေ သွားလာလည်ပတ်မှုက တော့ အရင်ကထက် စာရင် နည်းသွားတယ်လို့ ဆိုပါတယ်။အခုနှစ်မှာတော့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွေကို ပြည်တွင်းခရီးသွားတွေ ဝင်ရောက်မှု များသလို ပြည်ပ ခရီးသွားတွေလည်း ဝင်ရောက်လေ့လာလည်ပတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။




