ကင်မရွန်းတိုက်စစ်မှူး အမ်ဘူမိုက အခုနွေရာသီ မန်ယူအသင်းရဲ့ အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ တိုက်စစ်မှူးဟောင်း ဝိန်းရွန်နေးက ချီးကျူးလိုက်ပါတယ်။

ကင်မရွန်းလက်ရွေးစင် အမ်ဘူမိုဟာ ဘရန့်ဖို့ဒ်အသင်း ကနေ မန်ယူအသင်းကို ရောက်လာပြီးနောက်ပိုင်း အသင်းတိုက်စစ်ပိုင်းအတွက် အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြနေခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ နည်းပြအမိုရင်လက်ထက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၃ ပွဲဆက်အနိုင်ရခဲ့ပြီးနောက် ကစားသမားသစ်တွေဖြစ်ကြတဲ့ ကူညာနဲ့ လမ်မန်းစ်တို့လည်း ချီးကျူးမှုတွေ ခံနေရတာ ဖြစ်ပါတယ်။ မန်ယူအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားခဲ့ ရွန်နေး ကတော့ အမ်ဘူမိုက ခြေစွမ်းကို တစ်သတ်မတ်တည်းထိန်းထားနိုင်သလို အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲ နိုင်မှုမှာလည်း ကောင်းမွန်သူဖြစ်ပါတယ်လို့ ချီးကျူးသွားတာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းကို အနိုင်ရတဲ့ပွဲ အပြီးမှာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးသွင်းယူပေးခဲ့တဲ့ အမ်ဘူမိုကို မန်ယူနည်းပြ အမိုရင်က ချီးကျူးထားပါသေး တယ်။ အမ်ဘူမိုက တိုက်စစ်ပိုင်းမှာ အာမက်နဲ့တွဲဖက်ပြီး ပြိုင်ဘက်အသင်းကို ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့သလို အခုရာသီမှာ အသင်းတိုက်စစ်ပိုင်းပြောင်းလဲမှုအတွက် အရေးပါတဲ့ကစားသမားဖြစ် တယ်လို့ နည်းပြ အမိုရင်က သုံးသပ်သွားပါတယ်။




