အမေရိကန်နဲ့ အစ္စရေးပူးပေါင်းပြီး အီရန်နိုင်ငံအပေါ်တိုက်ခိုက်မှုများကြောင့် အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အီရန်အသင်းပါဝင်ယှဉ်ပြိုင်ဖို မသေချာတော့ဘူးလို အီရန် ဘောလုံး အဖွဲချုပ် ဥက္ကဋ္ဌ မက်ဒီတက်ချ်က ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးရဲ့ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှု ဒုတိယနေ့အဖြစ် တနင်္ဂနွေနေ့မှာ ဆက်လက်ပြုလုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင် ခါမေနီ အပါအဝင် ထိပ်တန်းအရာရှိတွေ သေဆုံးခဲ့ကြပါတယ်။ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတိုက အိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အီရန်အသင်းခြေစစ်ပွဲအောင်မြင်ထားပြီး အုပ်စု (G) မှာ ကျရောက် နေတာဖြစ်ပါတယ်။ အီရန်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲတွေကို အမေရိကန်နိုင်ငံအတွင်းမှာပဲ ကစားရမှာဖြစ်ပြီး နယူးဇီလန်၊ ဘယ်လ်ဂျီယံအသင်းတွေနဲ့ ပွဲတွေကို လော့စ်အန်ဂျလိစ်၊ အီဂျစ်အသင်းနဲ့ပွဲကို ဆီယက်တယ်မြိုတွေ မှာကစားရမှာဖြစ်ပါတယ်။

သေချာတာတစ်ခုကတော့ အခုလိုတိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို မျှော်လင့်ချက်နဲ့သွားဖိုဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူးလို အင်တာဗျူးတစ်ခုမှာ မက်ဒီတက်ချ်က ပြောသွားတာ ဖြစ်ပါတယ်။အမေရိကန်သမ္မတ ထရမ့်အစိုးရအဖွဲ ထုတ်ပြန်တဲ့ ပြည်တွင်းဝင်ရောက်ခွင့်တားမြစ်ချက်မှာလည်း အီရန်နိုင်ငံက ထိပ်ဆုံးမှာပါဝင်နေတဲ့အတွက် အီရန်ပရိသတ်တွေ ပြည်ဝင်ခွင့်ရဖိုက ခက်ခဲနိုင်ဖွယ်ရှိနေပါတယ်။ အီရန်အသင်းရဲ့ ကမ္ဘာ့ဖလားပါဝင်ခွင့်နဲ့ ပတ်သက်လို AP သတင်းဌာနရဲ့ မေးမြန်းမှုကို ဖီဖာဘက်က ပြန်လည် ဖြေကြားခြင်းမရှိပေမယ့် အခြေအနေတွေကို စောင့်ကြည့်နေတယ်လို စနေနေ့ကသတင်းထုတ်ပြန်ထားပါတယ်။




