အယ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ကိုယ်ပိုင် Youtube ချန်နယ်ကို ဩဂုတ်လ(၂၁) ရက်နေ့မှာ စတင်အသုံးပြုခဲ့ပြီး ပရိသတ်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ(၆၃၆)သန်းကျော်နဲ့ ဖော်လိုဝါအများဆုံးအဖြစ် စံချိန်တင်ထားသလို အခုအချိန်မှာလည်း သူ့ရဲ့ကိုယ်ပိုင် Youtube ချန်နယ်ကို စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။
“UR. Cristiano”လို့ နာမည်ပေးထားတဲ့ ရော်နယ်ဒိုရဲ့ Youtube ချန်နယ်ဟာ စတင်အသုံးပြုပြီး မိနစ်(၉၀)အတွင်းမှာပဲ subscriber (၁)သန်းပြည့်ခဲ့ပြီး Youtube သမိုင်း တစ်လျှောက် subscriber (၁)သန်းပြည့်တဲ့ အမြန်ဆုံးချန်နယ်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
(၁)သန်း ပြည့်ပြီးနောက် (၄)နာရီ အကြာမှာပဲ subscriber (၅)သန်းအထိ ရောက်ခဲ့သလို အခုအချိန်ထိလည်း subscriber အရေအတွက်က ပိုမိုတိုးလာခဲ့တာကိုလည်း တွေ့ရပါတယ်။
အခုလို Youtube ချန်နယ်ဖွင့်ခဲ့တာကို ရော်နယ်ဒိုရဲ့ ပရိသတ်တွေကလည်း ဝမ်းသာနေကြပြီး ကစားသမားနဲ့ ပရိသတ်ကြား ချိတ်ဆက်ပေးနိုင်မယ့် အကောင်းဆုံး နေရာတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း ပရိသတ်တွေက ညွှန်းဆိုခဲ့ကြပါတယ်။