အယ်နာဆာအသင်းရဲ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ နေးရှင်းလိဂ်ပြိုင်ပွဲကစားမယ့် ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့ အောက်တိုဘာလ(၈)ရက်နေ့မှာ စတင်ပူးပေါင်းခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုတွင်းပွဲစဉ်နှစ်ပွဲကစားခဲ့ရာမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားသလို ရလဒ်ကောင်းတွေ ထပ်ရဖို့အတွက် လေ့ကျင့် မှုတွေကို စတင်ပြုလုပ်နေတာပါ။
နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ခရိုအေးရှား၊ ပိုလန်၊ စကော့တလန် အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့အတွက် ရလဒ်ကောင်းတွေရရှိဖို့ ကြိုတင်ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
အုပ်စုတွင်းပွဲစဉ်မှာ ခရိုအေးရှားအသင်းနဲ့ စကော့တလန်အသင်းတို့ကို အနိုင်ရထားတဲ့ ပေါ်တူဂီအသင်းဟာ အောက်တိုဘာလ(၁၂)ရက်နေ့မှာ ပိုလန်အသင်း၊ (၁၆)ရက်နေ့မှာ စကော့တလန်အသင်းတို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။
ခက်ခဲတဲ့အုပ်စုအတွင်းမှာ ကျရောက်နေခဲ့တာကြောင့် ပေါ်တူဂီအသင်းအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ကစားရခက်ခဲလာနိုင်တယ်လို့လည်း ပရိသတ်တွေက ကြိုတင် သုံးသပ်မှုတွေ ရှိလာခဲ့ပါတယ်။