စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက စံချိန်တင်ဝင်ငွေ ယူရို(၁)ဘီလီယံကျော် ရရှိခဲ့ တယ်လို့ ဇူလိုင်လ(၂၃)ရက်နေ့က တရားဝင်ကြေညာသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ဇူလိုင်လ(၂၃)ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အသင်းရဲ့ဝင်ငွေရရှိမှုစာရင်းကို ကြေညာခဲ့ရာမှာ (၂၀၂၃-၂၀၂၄)ဘောလုံးရာသီအတွင်း ယူရို(၁)ဘီလီယံကျော် စံချိန်တင် အမြတ်ရရှိခဲ့တာပါ။
ဒီစာရင်းမှာ အပြောင်းအရွှေ့ အသုံးစရိတ်တွေ မပါဝင်သေးပေမယ့် ယူရို(၁)ဘီလီယံကျော်ရရှိခဲ့တာက ဘောလုံးသမိုင်းတစ်လျှောက် အများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဝင်ငွေရရှိမှုနဲ့ ယှဉ်မယ်ဆိုရင် (၂၇)ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း ရီးရဲလ်မက်ဒရစ်အသင်းက တရားဝင်ကြေညာချက်မှာ ထည့်သွင်းဖော်ပြ ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စပိန်စူပါဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ရီးရဲလ် မက်ဒရစ်အသင်းဟာ (၂၀၂၃-၂၀၂၄)ဘောလုံးရာသီအတွင်း ယူရို(၁၆)သန်း အသားတင်အမြတ်ရခဲ့တယ်လို့ သိရပါတယ်။