လိုင်လီအသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရတဲ့အပေါ် ဆင်ခြေပေးသွားမှာမဟုတ်ဘူးလို့ ရီးရဲလ် နည်းပြ အန်ဆလော့တီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရီးရဲလ်ဟာ လိုင်လီအသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ (၁)ဂိုး၊ ဂိုးမရှိနဲ့ အံ့အားသင့်ဖွယ်ရာ ရှုံးနိမ့်ခဲ့ရတာပါ။
လိုင်လီ အသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ကစားပုံက တော်တော်လေးကို ဆိုးရွားခဲ့တာဖြစ်သလို့ ရှုံးနိမ့်မှုနဲ့ ထိုက်တန်တယ်လို့ ရီးရဲလ်နည်းပြ အန်ဆလော့တီက ပြောပါတယ်။
အခုပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့အတွက် နောက်လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းရဖို့အတွက် ကြိုးစားသွားမယ်လို့ နည်းပြအန်ဆလော့တီက ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
ရီးရဲလ်အသင်းဟာ စတုဂတ်အသင်းနဲ့ ချန်ပီယံလိဂ်ပထမဆုံးပွဲစဉ်မှာ (၃)ဂိုး၊ (၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း လိုင်လီအသင်းနဲ့ ဒုတိယမြောက်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရတာကြောင့် ချန်ပီယံလိဂ်(၂)ပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)နေရာမှာ ရပ်တည်နေခဲ့ပါတယ်။