စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ခရိုအေးရှား ဝါရင့်ကွင်းလယ်လူ မိုဒရစ်ကို (၁)နှစ်စာချုပ် သက်တမ်းတိုးနိုင်ခဲ့ပြီလို့ ဇူလိုင်လ(၁၇)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။
မိုဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စာချုပ်သက်တမ်းက ပြီးခဲ့တဲ့ဘောလုံးရာသီအပြီးမှာ ကုန်ဆုံးခဲ့တာဖြစ်ပြီး (၂၀၂၅)ခုနှစ်အထိ သက်တမ်းရှိတဲ့ (၁)နှစ် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာပါ။
အသင်းဖော် တိုနီခရူးစ်က ဘောလုံးကစားသမားဘဝကနေ အနားယူသွားခဲ့ပေမယ့် အသက်(၃၈)နှစ်အရွယ် မိုဒရစ်ကတော့ ကစားသမားဘဝက အနားယူဖို့ ဆန္ဒမရှိဘဲ ရီးရဲလ် မက်ဒရစ်အသင်းမှာ ဆက်ကစားဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မိုဒရစ်ဟာ (၂၀၁၂)ခုနှစ်မှာ စပါးအသင်း ကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလား(၆)လုံးအပါအဝင် ဖလားပေါင်း (၂၆)လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ (၁၂)နှစ်တာကာလအတွင်းမှာ ပြိုင်ပွဲစုံ(၅၃၄)ပွဲမှာ (၉၃)ဂိုးသွင်းယူကာ (၇၉)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။