အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်မှူး ဂရေ့ဇ်မန်းဟာ ပြင်သစ်လက်ရွေးစင် ကစားသမားဘဝကနေ အနားယူ လိုက်ပြီလို့ စက်တင်ဘာလ(၃၀)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။
ဂရေ့ဇ်မန်းဟာ ပြင်သစ်အသင်းအတွက် အဓိက ကစားသမားအဖြစ် ကစားပေးခဲ့ပေမယ့်လည်း အသက်(၃၃)နှစ်အရွယ်မှာတင် ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ပြင်သစ်လက်ရွေးစင်အသင်းအတွက် (၁၀)နှစ်ကျော်ကြာ ကစားပေးခဲ့ရတာက မမေ့နိုင်စရာ အခိုက်အတန့်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ဂရေ့ဇ်မန်းက တရားဝင်ကြေညာခဲ့ပါတယ်။
ဆုဖလားအောင်မြင်မှုတွေရခဲ့သလို ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု ကစားပေးခဲ့ရတာတွေအတွက် ဂုဏ်ယူမိတယ်လို့ ဂရေ့ဇ်မန်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဂရေ့ဇ်မန်းဟာ ပြင်သစ်နည်းပြဒက်ချမ့်စ်လက်ထက်မှာ အသင်းအတွက်နေရာစုံမှာ ကစားပေးနိုင်စွမ်းရှိသူ ဖြစ်သလို လက်ရွေးစင်ကစားသမားဘဝ ပြိုင်ပွဲစုံ(၁၃၇)ပွဲမှာ (၄၄)ဂိုးသွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
ပြင်သစ်တိုက်စစ်မှူး ဂရေ့ဇ်မန်းဟာ ပြင်သစ်လက်ရွေးစင်ကစားသမားဘဝမှာ (၂၀၁၈)ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သလို (၂၀၂၀-၂၀၂၁) နေးရှင်းလိဂ်ဖလားကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။