ဩစတြီးယားအသင်းနဲ့ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးဒဏ်ရာရခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေရဲ့ဒဏ်ရာက သက်သာလာခဲ့ပြီလို့ ပြင်သစ်နည်းပြဒက်ချမ့်စ်က ပြောပါတယ်။
အမ်ဘာပေဟာ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ နယ်သာလန်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့တာပါ။
အမ်ဘာပေရဲ့ဒဏ်ရာက တစ်နေ့တခြား သက်သာလာပြီဖြစ်လို့ လာမယ့်ပွဲစဉ်တွေမှာ အသင်းအတွက် ပါဝင်လာဖွယ်ရှိတယ်လို့ နည်းပြ ဒက်ချမ့်စ်က ပြောပါတယ်။
အမ်ဘာပေရဲ့ဒဏ်ရာက ခွဲစိတ်ဖို့မလိုအပ်ပေမယ့် ဒဏ်ရာကို ထိခိုက်မှာစိုးတဲ့အတွက် လာမယ့် ပွဲစဉ်တွေမှာ မျက်နှာဖုံးတပ်ကစားရမှာက အမ်ဘာပေအတွက် အနည်းငယ် အခက်တွေ့နေရတယ်လို့လည်း နည်းပြ ဒက်ချမ့်စ်က ပြောကြားခဲ့ပါသေးတယ်။