ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းပေါင်း (၁၁၅)ချက်ကို ဖောက်ဖျက်ကျူးလွန်ထားတဲ့ မန်စီးတီးအသင်းရဲ့အမှုကို စက်တင်ဘာလ(၁၆)ရက်နေ့မှာ စတင်ကြားနာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ (၂၀၀၉-၂၀၁၀)ဘောလုံးရာသီကစတင်ကာ ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းပေါင်း(၁၁၅)ချက်ကို ချိုးဖျက်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက တရားဝင်ထုတ်ပြန်တာကို ခံခဲ့ရတာပါ။
ဒီကြားနာမှုကို စက်တင်ဘာလ(၁၆)ရက်မှာ စတင်မှာဖြစ်ပြီး (၁၀)ပတ်ခန့် ကြာမြင့်ဖွယ်ရှိတယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
မန်စီးတီးအသင်း ကတော့ သူတို့အနေနဲ့ ပရီးမီးယားလိဂ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ကျူးလွန်ထားတာ မရှိဘူးလို့ တရားဝင် ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ဒီအမှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရမယ်ဆိုရင် ရမှတ်လျှော့ပြစ်ဒဏ်အပြင် တန်းဆင်းပြစ်ဒဏ်ကိုပါ ကျခံသွားရဖွယ် ရှိနေပါတယ်။