မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းရဲ့တောင်ပံကစားသမား ဖိုဒန်ကို အရင်ကလို စွမ်းဆောင်ရည်မျိုး ပြန်လည်ရရှိလာလိမ့်မယ်လို့ ယုံကြည်ကြောင်း စက်တင်ဘာလ(၃၀)ရက်နေ့က တရားဝင်ပြောကြားခဲ့ပါတယ်။
ဖိုဒန်ဟာ အခုဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပြီး အရန်ကစားသမား အဖြစ်နဲ့သာ ကစားနေရတာပါ။
ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သလို မန်စီးတီးအသင်းအတွက် ခြေစွမ်းပြခဲ့ပေမယ့် အခုဘောလုံးရာသီမှာ ဖိုဒန်ကို အရန်ကစားသမားအဖြစ်နဲ့သာ မြင်တွေ့နေရတာကြောင့် ပရိသတ်တွေအတွက်လည်း စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။
နည်းပြဂွာဒီယိုလာကတော့ ဖိုဒန်ဟာ ကျန်းမာရေးအခြေအနေကြောင့် အခုလိုဖြစ်ခဲ့ရပေမယ့်လည်း အရင်ကလို စွမ်းဆောင်ရည်မျိုး ပြန်လည်ရရှိလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါကြောင့်လည်း လာမယ့်ပွဲစဉ်တွေမှာ မန်စီးတီးအသင်းရဲ့ လူစာရင်းမှာ ဖိုဒန်ကို ပြန်လည်မြင်တွေ့လာရတော့မယ်လို့ နည်းပြဂွာဒီယိုလာက ဆက်လက် ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၅၃)ပွဲအထိ ကစားပေးခဲ့တဲ့ ဖိုဒန်ဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်တစ်ပွဲမှ မရသေးတာလည်း ဖြစ်ပါတယ်။