ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံ တိုင်းအဆင့်တပ်မှူးတွေ ဒီကနေ့ ဇူလိုင် ၂၉ ရက်မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်တယ်လို့ ထိုင်းယာယီဝန်ကြီးချုပ် ဖုန်သမ် ဝီချာယာချိုင်က သတင်းထုတ်ပြန်ထားပါတယ်။မလေးရှားနိုင်ငံက ကြားဝင်ပြီး နှစ်ဖက် အပစ်ရပ်ရေး ဆွေးနွေးပွဲပြီးတဲ့နောက် ထုတ်ပြန်ထားတဲ့ ဒီထုတ်ပြန်ချက် မှာ နှစ်ဖက်သဘောတူရင် စစ်သံမှူးတွေပါ ဆက်လက်တွေ့ဆုံမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အထွေထွေနယ်စပ်ကော်မတီ(General Border Committee–GBC)အစည်းအဝေးကိုလည်း ဩဂုတ် ၄ ရက်မှာ ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။အခုအပစ်ရပ်သဘောတူမှုကို လိုက်နာဆောင်ရွက်တာ သေချာစေဖို့ မလေးရှားဝန်ကြီးချုပ်အနေနဲ့ စောင့်ကြည့်ရေး အဖွဲ့ကို ဖွဲ့စည်းထားမှာဖြစ်ပြီး နှစ်နိုင်ငံ ဝန်ကြီးချုပ်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ၊ ကာကွယ်ရေးဝန်ကြီးတွေနဲ့ တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပြန်ထူထောင်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။




