ရုရှားတောင်ပိုင်းရှိ Rostov ဒေသကို ဇူလိုင် ၂၈ ရက်က ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် လူတစ်ယောက် သေဆုံးပြီး Rostov ရှိ ရထားဘူတာရုံတစ်ရုံလည်း မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။Rostov ဒေသအနှံ့မှာ ယူကရိန်းရဲ့ ဒရုန်းအများအပြားနဲ့ တိုက်ခိုက်မှုကြောင့် လူတစ်ယောက် သေဆုံးပြီး လူအများ အပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားတောင်ပိုင်းဒေသရဲ့ ယာယီအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒါ့အပြင် Salsk မြို့မှာလည်း ယူကရိန်း တိုက်ခိုက်မှုကြောင့် ကားတစ်စီး ပျက်စီးခဲ့ပြီး ယာဉ်မောင်းတစ်ယောက် သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ယူကရိန်းတိုက်ခိုက်မှုကြောင့် Salsk ရှိ ရထားဘူတာရုံလည်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။




