အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (dementia)ရဲ့ အစောပိုင်း လက္ခဏာတွေ စတင် ခံစားနေရတယ်လို့ ယူဆရကြောင်း ဆရာဝန်တွက သတိပေး ပြောကြားခဲ့တာကို AP သတင်းမှာ ပါရှိပါ တယ်။

စိတ္တဗေဒအထူးပြု ဆရာဝန်နှစ်ယောက်က ထရမ့်အနေနဲ့ ကိစ္စတွေကို မှတ်သားထားရာမှာ မကြာခဏ ရောနှော ရှုပ်ထွေးသွားတတ်တာ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း ကျန်းမာရေးအရ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ပိုများလာတာကို ထောက်ပြခဲ့ပြီး ဒါတွေက အသက်ကြီးလာလို့ သာမန် ဖြစ်လေ့ဖြစ်ထ ရှိနေတာတွေထက် အများကြီးပိုကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။စိတ္တဗေဒအထူးပြု ဆရာဝန်တွေဖြစ်တဲ့ ဂျွန်ဂတ်နာနဲ့ ဟယ်ရီ ဆီးဂဲလ်တို့က အသက် ၇၉ နှစ်အရွယ် သမ္မတထရမ့် ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စကားပြောဆိုမှုတွေထဲက လက္ခဏာရပ်တွေကို ဆန်းစစ်လေ့လာကြည့်တဲ့အခါ မှတ်ဉာဏ် ချွတ်ယွင်းမှုရောဂါ အစောပိုင်း အဆင့်တွေနဲ့ ဆင်တူနေတာကြောင့် စိုးရိမ်သင့်တယ်လို့ ပြောပါတယ်။မကြာသေးခင်က အမေရိကန် အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ထရမ့်ဟာ မျက်စိကို မှေးမှိတ်ပြီး ပျော့တိပျော့ခွေနဲ့ ငိုက်မျဉ်းသလို၊ မှိန်းနေသလို ရှိနေခဲ့တဲ့အကြောင်းကို ဂတ်နာက ညွှန်ပြခဲ့ပါတယ်။

ကိုယ်က အမေရိကန် အိုးပင်းလို ပြိုင်ပွဲကြီးမှာ တကယ့် ပွဲကြီးပွဲကောင်းတွေကို အားပေးနေပြီး အားလုံးရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ အခြေအနေမှာ ထရမ့်က သူ့ပင်ကိုစိတ်နဲ့ဆိုရင် ဒီလိုဖြစ်နေမှာလားလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်ရဲ့ ဆေးကျောင်းမှာ သုံးနှစ်နီးပါးလောက် သင်ကြားပို့ချခဲ့ဖူးသူ ဂတ်နာက ထရမ့်ဟာ သူ့အပေါ် ရာဇဝတ်ကြောင်း စွပ်စွဲချက်နဲ့ တရားရုံးမှာ စစ်ဆေးနေတဲ့ ကိစ္စလိုမျိုးတွေမှာ တကယ်ပဲ အိပ်ငိုက်နေ တာလားလို့လည်း ဆက်ပြောပါတယ်။ ဒါက ၂၀၂၄ ခုနှစ်၊ ဧပြီလတုန်းက တရားခွင်မှာ ထရမ့်က အိပ်ငိုက်နေသလို ခဏခဏ ခေါင်းငိုက်ကျသွားခဲ့တာကို သူက ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။




