အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ လာမယ့်သီတင်းပတ်မှာ ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့တွေ့ဆုံနိုင်ဖွယ် ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထုတ်ဖော်ပြောဆိုခဲ့တာကို Reuters သတင်းမှာ ရေးသားထားပါတယ်။ ဒါ့အပြင် ရုရှားနဲ့ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိစေဖို့အတွက် ကြားဝင်စေ့စပ်ပေးမှုတွေ ထပ်မံလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်က မျှော်လင့်နေတယ်လို့လည်း မာကိုရူဘီယိုက ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတပူတင်ဟာ ငြိမ်းချမ်းရေးရယူဖို့ ငြင်းဆိုခဲ့မယ်ဆိုရင် ရုရှားအပေါ် နောက်ထပ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားမယ်လို့ ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေါ်နယ် ထရမ့်ဟာ ပူတင်နဲ့ အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဆိုသလို ဇီလန်စကီးနဲ့လည်း အကြိမ်ပေါင်းများစွာ တွေ့ဆုံမှု တွေကို လုပ်ဆောင်ခဲ့တယ်လို့ မာကိုရူဘီယိုက ထပ်မံပြောကြားခဲ့ပါတယ်။

“ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအတွက် ဒေါ်နယ်ထရမ့်က ဆက်လက် ကြိုးပမ်းနေပါလိမ့်မယ်။ ငြိမ်းချမ်းရေး ရယူဖို့ က ဖြစ်နိုင်တယ်ဆိုရင် ချက်ချင်းရယူဖို့ လုပ်ဆောင်သွားမှာပါ။ ဒါပေမဲ့လည်း တစ်ချိန်ချိန်မှာတော့ ငြိမ်းချမ်းရေး ရယူဖို့က မဖြစ်နိုင်ဘူးဆိုပြီး ဒေါ်နယ်ထရမ့်က ကောက်ချက်ချသွားနိုင်ပါတယ်”လို့လည်း မာကိုရူဘီယိုက ပြောသွားခဲ့ပါတယ်။




