လာမယ့် မတ်လ ၄ ရက်နေ့ကစပြီး ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက တင်သွင်းလာတဲ့ သွင်းကုန်တွေကို စတင် စည်းကြပ်တော့မှာဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားလာတာကို AP သတင်းမှာ ဖော်ပြ ထားပါတယ်။ သမ္မတထရမ့်ဟာ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းအပြင် ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက သွင်းကုန်တွေကိုလည်း တရုတ်ထက် နှစ်ဆတိုး ကောက်ခံသွားမှာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာပါ။

မတ်လ လေးရက်နေ့မှာ စတင်အသက်ဝင်မယ့် အစီအစဉ်အတိုင်း အမှန်တကယ် အသက်ဝင်မှာပါလို့ သမ္မတ ထရမ့်က ပြောပါတယ်။ အဲဒီနေ့မှာပဲ တရုတ်ကတင်သွင်းလာတဲ့ ကုန်စည်တွေအပေါ်ကိုလည်း နောက်ထပ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်တယ်လို့ ပြောပါတယ်။အခုလို သမ္မတထရမ့်ရဲ့သွင်းကုန်ခွန်တိုးကောက်တာကြောင့် ငွေကြေးဖောင်းပွမှု ပိုမိုဆိုးရွားလာမှာကို စားသုံးသူ တွေက စိုးရိမ်နေကြပြီး ကမ္ဘာ့စီးပွားရေး ကမောက်ကမဖြစ်အောင် တွန်းပို့သွားမှာကိုလည်း စိုးရိမ်ပူပန်နေကြ ပါတယ်။