အပြည်ပြည်ဆိုင်ရာပင်လယ်ပြင်မှာ ရုရှားအလံတင် ရေနံတင်သင်္ဘောတစ်စင်းကို သီတင်းပတ်များစွာ လိုက်လံဖမ်း ဆီးခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက မြောက်အတ္တလန္တိတ်ပင်လယ်ပြင်မှာ အဲဒီသင်္ဘောကို ဖမ်းဆီးလိုက် တယ်လို့ CNA သတင်းမှာ ဖော်ပြပါတယ်။

အဲဒီသင်္ဘောဟာ အမေရိကန်က ဗင်နီဇွဲလားကို ပိတ်ဆို့ခဲ့တဲ့လက ထွက်ပြးတိမ်းရှောင်ကာ သင်္ဘောအမည်ကို Bella 1 ကနေ Marinera လို့ ပြောင်းလဲခဲ့ပါတယ်။

ဒီသင်္ဘောကိုဖမ်းဆီးမဲ့ စစ်ဆင်ရေးကို ဇန်နဝါရီ ၇ ရက် စောစောပိုင်းက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကာရေဘီယံပင်လယ်မှာ တရားမ၀င် လှုပ်ရှားမှုတွေ လုပ်ဆောင် နေတယ်လို့ ယူဆရတဲ့ ပိတ်ဆို့အရေးယူထားတဲ့ နောက်ထပ်ရေနံတင်သင်္ဘောတစ်စင်းဖြစ်တဲ့ M/T Sophia ကိုလည်း ဖမ်းဆီးထားတယ်လို့ အမေရိကန်က ကြေညာပါတယ်။

Marinera သင်္ဘောကို အမေရိကန်က ဖမ်းဆီးတာဟာ ရေကြောင်းဥပဒေ ချိုးဖောက်တာ ဖြစ်တယ်လို့ ရာထူးက ဆင်းသွားတဲ့ သမ္မတ Nicolás Maduro ကို ထောက်ခံသူ ကရင်မလင်က စွပ်စွဲလိုက်ပါတယ်။

အာဏာပိုင်တွေကို ရှောင်တိမ်းဖို့ သင်္ဘောရဲ့ကြိုးပမ်းအားထုတ်မှုတွေကို အကဲခတ်လေ့လာသူအဖွဲ့တစ်ဖွဲ့က အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ မကြာသေးမီ ရက်ပိုင်းအတွင်း အမေရိကန်က စစ်ဘက် ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ဗြိတိန်ကို ရွှေ့ပြောင်းသွားကြောင်း ခြေရာခံ စောင့်ကြည့်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။




