အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်အနေနဲ့ နျူကလီးယားလက်နက်တွေနဲ့ ပတ်သက်ပြီး သဘောတူညီ ချက်တစ်ခု ပြုလုပ်ဖို့ ဇန်နဝါရီလ ၂၈ ရက်က တိုက်တွန်းခဲ့ပြီး အဲဒီလိုမလုပ်ရင် အမေရိကန်ရဲ့ နောက်ထပ် တိုက်ခိုက်မှုတွေက ပိုမိုဆိုးရွားလာမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

တီဟီရန်ဘက်ကလည်း အမေရိကန်၊ အစ္စရေးနဲ့ ထောက်ခံသူတွေကို ပြန်လည်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

“ အီရန်အနေနဲ့သဘောတူညီချက် စားပွဲဝိုင်းကို မြန်မြန်ဆန်ဆန် လာကာ တရားမျှ တပြီး တန်းတူညီမျှတဲ့ နျူကလီးယားလက်နက်တွေနဲ့ ပတ်သက်လို့ သဘောတူညီချက်တစ်ခု ပြုလုပ်ဖို့ မျှော်လင့် ထားတယ်လို့ အမေရိကန်အရာရှိတွေကလည်း ပြောကြားထားပါတယ်။

“ နောက်ထပ်တိုက်ခိုက်မှုတွေက ပိုမို ဆိုးရွားလာလိမ့်မယ်။ နောက်တစ်ကြိမ် တိုက်ခိုက်မှုတွေ ထပ်မဖြစ်ဖို့ နျူကလီးယားလက်နက် သဘောတူညီချက် အတွက် အမြန်ဆုံး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ထရမ့်က ပြောကြားထားပါတယ်။




