ယူကရိန်းရှိ ဒွန်ဘတ်စ်ဒေသကို “စစ်ရေး ဒါမှမဟုတ် အခြားနည်းလမ်းတွေ အသုံးပြုပြီး သိမ်းပိုက်မှာဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။

ယူကရိန်းအရာရှိတွေက သဘောတူညီချက်မရသေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် ပြင်ဆင်နေချိန်မှာ သမ္မတပူတင်က သူ့ရဲ့အဓိကတောင်းဆိုချက်တွေထဲက တစ်ခုကို တူးဆွနေတာလည်း ဖြစ်ပါတယ်။

ပူတင်ဟာ ဒီဇင်ဘာ ၄ ရက်က နယူးဒေလီကို ရောက်ရှိလာပြီး မိုဒီနဲ့ထိပ်သီးအစည်းအဝေးမတိုင်မီ India Today နဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ရုရှားဟာ ဘယ်လိုနည်းလမ်းနဲ့မဆို ဒွန်ဘတ်စ်နဲ့ နိုဗိုရော့စ်စီယာကို သိမ်းပိုက်သွား မှာဖြစ်ကြောင်း ပြောကြားခဲ့တာကို ရုရှားနိုင်ငံပိုင်မီဒီယာ TASS ကလည်း ဖော်ပြထားပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ တို့ ကရင်မလင်မှာ တွေ့ဆုံပြီးနောက် နှစ်ရက်အကြာမှာ သမ္မတပူတင်ဟာ နယူးဒေလီကို ရောက်ရှိလာတာဖြစ် ပါတယ်။




