ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဒီဇင်ဘာ ၄ ရက်က အိန္ဒိယခရီးစဥ်ကို စတင်လိုက်ပြီး အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ပြုလုပ်ကြမှာ ဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်က အိန္ဒိယကို ရုရှားဆီက ရေနံဝယ်ယူမှု ရပ်တန့်ဖို ဖိအားပေးပြီး လပိုင်းအကြာမှာပဲ ပူတင်က အိန္ဒိယ ကို ရောက်ရှိလာတာပါ။

ခရီးစဉ်အတွင်းမှာ နယူးဒေလီနဲ့မော်စကိုအကြား သဘောတူညီချက် များစွာကို လက်မှတ် ရေးထိုးမယ်လို မျှော်လင့်ရပါတယ်။ သမ္မတပူတင်ရဲ့ အိန္ဒိယခရီးစဥ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် အစိုးရ က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေ ဆက်တိုက် ပြုလုပ်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အိန္ဒိယနဲ့ရုရှားဟာ ဆယ်စုနှစ်များစွာ နီးကပ်တဲ့ မဟာမိတ်တွေ ဖြစ်ခဲ့ကြပြီး နွေးထွေးတဲ့ နစ်နိုင်ငံဆက်ဆံရေး လည်း ရှိပါတယ်။ သူတို့နှစ်ဦး အချင်းချင်းကြား တစ်ဖက်နဲ့တစ်ဖက် ဘာတွေ လိုအပ်နေကြလဲဆိုတဲ့ သုံးသပ်ချက် များစွာလည်း ထွက်ပေါ်နေပါတယ်။




