နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တဲ့ ဝေဒနာခံစားခဲ့ရတဲ့ အတွက် အရေးပေါ်ခွဲစိတ်ကုသမှုကို ၂ နာရီကြာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က မတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အရေးပေါ် ခွဲစိတ်ကုသမှုကို မတ် ၂၀ ရက်က အမှတ်(၂) တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀) နေပြည်တော်မှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ခွဲစိတ်ကုသမှုကိုတော့ အိန္ဒိယနိုင်ငံက ပါရဂူတွေနဲ့ မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့တို ပူးပေါင်းပြီး အရေးပေါ် ခွဲစိတ် ကုသမှု ၂ နာရီကြာ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။လက်ရှိမှာတော့ ခွဲစိတ်ကုသမှုအောင်မြင်ပြီး နိုင်ငံ့တာဝန်နဲ့ တပ်မတော်တာဝန်တွေကို ကျန်းမာစွာ ထမ်းဆောင်နေ တယ်လိုလည်း ထုတ်ပြန်ထားပါတယ်။




