ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နဲ့ ဂီတပွဲတော်ကို အောက်တိုဘာ လ ၄ ရက်ကနေ ၇ ရက်အထိ (၄)ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကနေသိရပါတယ်။အဲဒီ ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၃)မှာ စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်ခဲ့ပါတယ်။

ပြည်တွင်းထုတ်ကုန်တွေကို အားပေးမြှင့်တင်ဖို့နဲ့ စျေးကွက်တွေ ချိတ်ဆက်ပေးဖို့ စတဲ့ အချက်တွေကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်တာတွေကြောင့် MSME ထုတ်ကုန်တွေ စျေးကွက် ပိုမိုရရှိနိုင်ပြီး MSME လုပ်ငန်း တွေ ခေတ်နဲ့အညီ ဒစ်ဂျစ်တယ်စနစ်မှာ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက်လည်း တာဝန်ရှိသူတွေ ပူးပေါင်း ဆောင်ရွက်ကြဖို့လိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အစည်းအဝေးမှာ ပြောကြားခဲ့ ပါတယ်။သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ကျင်းပတာဟာ ထုတ်ကုန်အမျိုးမျိုးကို ပူးပေါင်းရောင်းချနိုင်ဖို့ ကျင်းပတာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊




