မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးစည်းကမ်းဖောက်ဖျက်မှုဖြစ်ရပ်က တနင်္ဂနွေညမှာ ကစားမယ့် အာဆင်နယ် အသင်းနဲ့ မန်စီးတီးအသင်းပွဲအပေါ် ရိုက်ခတ်မှုမရှိလာဖို့ အာဆင်နယ်နည်းပြ အာတီတာက မျှော်လင့်နေပြီး အာဆင်နယ်အသင်းသားတွေအနေနဲ့ ပွဲကိုပဲ အာရုံစိုက်ထားဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၁၈ ခုနှစ်ကစပြီး ၉ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်ရဲ့ ငွေကြေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်မှု ၁၁၄ ခုမှာ အပြစ်ရှိတယ်လို့ သတ်မှတ်ထားတာခံရပေမယ့် မန်စီးတီး အသင်းဘက်ကတော့ အခုချိန်အထိ အပြစ်မရှိဘူးလို့ ငြင်းဆိုနေဆဲဖြစ်ပါတယ်။မန်စီးတီးအနေနဲ့ အယူခံဝင်ထားသလို ဒီဇင်ဘာ(ဒါမှမဟုတ်) ဇန်နဝါရီလလောက်မှာ ရလဒ်ထွက်ပေါ် လာဖွယ်ရှိနေပြီး လိဂ်ပြိုင်ပွဲကထုတ်ပယ်ခံရတာ၊ အမှတ်လျှော့ချခံရတာနဲ့ ကြီးမားတဲ့ ငွေဒဏ်ပေးဆောင် ခံရတာအပါအဝင် ပြစ်ဒဏ်အမျိုးမျိုးနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ဒီအခြေအနေက တနင်္ဂနွေည အမ်းမရိတ်စ်ကွင်းမှာ ကစားမယ့် အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို လျော့ကျစေမှာ မဟုတ်ဘူးလို့ အာတီတာက ပြောကြားလိုက်ပြီး နှစ်သင်းစလုံးက အဆင့်အတန်းမြင့်မားသလို အရည်အသွေးမြင့် ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားတာကြောင့် တကယ့်ကို ကြီးမားတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမယ်လို့လည်း ယုံကြည်နေပါတယ်။ကွင်းပြင်ပပြဿနာတွေကို အာရုံစိုက်မနေဘဲ ကွင်းအတွင်းမှာ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်အသင်းနဲ့ ကစားသမား တွေကိုသာ အာရုံစိုက်ကစားနိုင်မှ ရလဒ်ကောင်းတစ်ခုကို ရယူနိုင်မှာဖြစ်ပါတယ်လို့လည်း နည်းပြအာတီတာက သတိပေးပြောကြားလိုက်ပါတယ်။မန်စီးတီးနဲ့ပွဲမှာ ဒဏ်ရာရနေတဲ့ ဂိုးသမား ရာယာ ပါဝင်ကစားနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ နည်းပြ အာတီတာက အတိအကျဖြေဆိုသွားတာမရှိဘူးလို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
လိဒ်အသင်းနှင့် စာချုပ်သစ်ကို ကယ်ဗက်လီဝင် ချုပ်ဆို
One News
Nov 27, 2026 16အသင်းတချို့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ အင်္ဂလန်တိုက်စစ်မှူး ကယ်ဗက်လီဝင်ဟာ လိဒ်ယူနိုက်တက်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပါတယ်။အသက် ၂၉ နှစ်အရွယ် ကယ်ဗက်လီဝင်ဟာ နည်းပြဖာကီရဲ့ လိဒ်အသင်းအတွက် အခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားခဲ့တာဖြစ်ပါတယ်။
-
အာဆင်နယ်နှင့်ပွဲအတွက် ဟာလန်း စိတ်ထက်သန်နေ
-
လူငယ်ကြယ်ပွင့် ဝီလျံဘားနက်ကို စပါးအသင်း စာချုပ်သစ် ချုပ်ဆို
-
ဇီဒန်းနှင့် နှိုင်းယှဉ်ချီးကျူးမှုများကို ဘယ်လင်ဟမ် ပယ်ချ
-
အခြားသူကိုမျှော်လင့်မည့်အစား ကိုယ်တိုင်ရုန်းထကြရန် မိုင်နူးတိုက်တွန်း
-
ဂိုးသမားရာယာ၏ဒဏ်ရာ ခွဲစိတ်စရာမလိုအပ်
-
စာချုပ်သစ်ဆွေးနွေးမှု ရပ်ဆိုင်းထားဟု ဖာနန်ဒက်စ် အတည်ပြု