မိုတိုဂျီပီ ကမ္ဘာ့ချန်ပီယံဆုကို ၂ ကြိမ်ရရှိထားတဲ့ ဒူကာတီအသင်းသား ဘက်နာယာဟာ ဒဏ်ရာကြောင့် နိုဝင်ဘာ လ ၂၉ ရက်မှာ ပြုလုပ်မယ့် ရာသီပိတ် ဗလန်စီယာ မိုတိုဂျီပီပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ ဒူကာတီအသင်းက အတည်ပြုလိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ် အီတလီနိုင်ငံသား ဘက်နာယာ ဟာ အခုလမှာ ကျင်းပခဲ့တဲ့ ကာတာမိုတိုဂျီပီ ပွဲစဉ်မှာ ပြိုင်ပွဲဝင်တစ်ယောက်နဲ့ တိုက်မိခဲ့ပြီးနောက် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဘက်နာယာရဲ့ ခြေထောက်အရိုးကျိုးသွားခဲ့ပြီး ချက်ခြင်းဆိုသလို ဆေးရုံကို တင်ပို့ခဲ့ရကာ ကုသမှု ခံယူခဲ့ရပါတယ်။
ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုမှာ ဘက်နာယာအနေနဲ့ ပြိုင်ပွဲ ဝင်ပြိုင်ဖို့အတွက် ခွင့်ပြုချက် မရခဲ့ တာကြောင့် အခုတစ်ပတ်မှာ ကျင်းပမယ့် ရာသီပိတ်ပွဲစဉ်ကို ယှဉ်ပြိုင်ဖို့ အခွင့်အရေး မရှိတော့ပါဘူးလို့ ဒူကာတီ အသင်းရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဘက်နာယာရဲ့နေရာမှာ စပိန်နိုင်ငံသား လီကူနာကို အသင်းရဲ့ပြိုင်ပွဲဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်စေမှာ ဖြစ်တယ် လို့လည်း ဒူကာတီအသင်းက ကြေညာထားပါတယ်။ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေမှာ မိုတိုဂျီပီ ကမ္ဘာ့ချန်ပီယံဆုတွေ ရရှိခဲ့တဲ့ ဘက်နာယာဟာ ၂၀၂၄ ခုနှစ်မှာလည်း ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
Pyaing San Badminton Tournament 2026 ပြိုင်ပွဲ၌ ဆုတံဆိပ် ၉၆ ဆု ချီးမြှင့်
One News
Nov 24, 2026 34Pyaing San Badminton Tournament 2026 ပြိုင်ပွဲမှာ ဆုတံဆိပ် ၉၆ ဆု ချီးမြှင့်ခဲ့တယ်လို့ Pyaing San Sport Event Management က သိရပါတယ်။