အင်ဒိုနီးရှားတွင် တရားမဝင် ရွှေတွင်းပြိုကျမှု ၁၃ ဦး သေဆုံး
One News
Nov 26, 2026
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ ရွှေတွင်းတစ်တွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့တာကြောင့် မြေအောက်မှာ ပိတ်မိနေသူ ၂၆ ယောက်အနက် ၁၃ ယောက် သေဆုံးသွားခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအာဏာပိုင်တွေက ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ကျန်ရှိနေတဲ့ ပိတ်မိအလုပ်သမား ၁၃ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ဖို့ ကယ်ဆယ် ရေးအဖွဲ့တွေက နိုဝင်ဘာလ ၂၆ ရက် ကြာသပတေးနေ့မှာ ရှာဖွေရေးလုပ်ငန်းတွေ ပြန်လည်စတင် လုပ်ဆောင်နေ ကြပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ရွှေတွင်းအတွင်း ဝင်ရောက်ဖို့ အခက်အခဲများစွာ ကြုံတွေ့နေ ရပါတယ်။ တွင်းလမ်းကြောင်းဟာ ကျဉ်းမြောင်းပြီး ချော်လဲနိုင်တဲ့အပြင် အလင်းရောင်လည်း မရှိသလောက် ဖြစ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုမိုခက်ခဲနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ အင်ဒိုနီးရှားမြို့တော် ဂျကာတာမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ဘိုဂေါမြို့နယ်၊ အနောက်ဂျာဗားပြည်နယ် Pongkor ဒေသမှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တာပါ။ ရွှေတွင်းထဲကို အလုပ်သမား ၂၆ ယောက် ဝင်ရောက် အလုပ် လုပ်ကိုင်နေချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တွင်းထဲကို ရေတွေ အလျင်အမြန် ဝင်ရောက်လာခဲ့ပြီး အလုပ်သမားတွေဟာ မြေအောက်အနက် မီတာ ၁၀၀ အကွာလောက်မှာ ပိတ်မိသွားခဲ့တာ ဖြစ်ပါတယ်။အနောက်ဂျာဗားပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲကတော့ သေဆုံးသူ ၁၃ ယောက်အနက် ၆ ယောက်ရဲ့ အထောက် အထားကိုသာ လက်ရှိအချိန်အထိ အတည်ပြုနိုင်သေးတယ်လို့ Reuters သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
မလေးရှားနိုင်ငံသား ၄ သိန်းကျော် ပြည်ပထွက်ခွင့် ပိတ်ပင်ခံထားရ
One News
Nov 25, 2026 24မလေးရှားနိုင်ငံမှာ အခွန်ကြွေးကျန်တာ၊ တရားရုံးအမိန့်တွေနဲ့ သက်ဆိုင်ရာဌာနတွေကို ပေးဆောင်ရမယ့် ငွေကြေး တာဝန်တွေ မရှင်းလင်းသေးတာကြောင့် မလေးရှားနိုင်ငံသား ၄ သိန်းကျော်ဟာ လက်ရှိမှာ ပြည်ပခရီးသွားလာခွင့် ပိတ်ပင်ခံထားရတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ ဇာကာရီယာ ရှာဘန် က ပြောကြား လိုက်တာကို The Star သတင်းစာမှာ ဖော်ပြထားပါတယ်။