အာရှ • 1 min read
သတင်း

တောင်ကိုရီးယား ပညာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

One News

Nov 23, 2026

တောင်ကိုရီးယား ပညာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်
0 Shares
1 Views

 

တောင်ကိုရီးယားနိုင်ငံ ပညာရေးဝန်ကြီး ချွဲကျိုဂျင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ အရေးကြီးတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ AI နည်းပညာအသုံးပြုပြီး စာမေးပွဲလိမ်လည်မှုတွေ မဖြစ်ပွားစေဖို့ နောက်ဆုံးအချိန်မှ အလျင်အမြန် ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းတွေကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အတွက် တာဝန်ယူမှုအနေနဲ့ တနင်္ဂနွေနေ့မှာ ရာထူးကနေ နုတ်ထွက်သွားခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။

သမ္မတ လီဂျယ်မြောင်ကလည်း ဝန်ကြီးရဲ့ နုတ်ထွက်မှုကို တစ်နာရီအတွင်း လက်ခံခဲ့ပြီး နိုင်ငံတစ်ဝန်း စာမေးပွဲကျင်းပမှုနဲ့ စီမံခန့်ခွဲရေးစနစ်တွေ၊ သက်ဆိုင်ရာဥပဒေတွေကို ပြည့်ပြည့်စုံစုံ ပြန်လည်သုံးသပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ နိုင်ငံအဆင့် အခွန်စာရင်းကိုင် စာမေးပွဲမှာ အမှတ်အများဆုံးရရှိခဲ့သူတစ်ယောက်က အသေးစားကင်မရာ၊ စမတ်ဖုန်းနဲ့ AI နည်းပညာတွေကို အသုံးပြုပြီး စာမေးပွဲလိမ်လည်ဖြေဆိုခဲ့ကြောင်း ဝန်ခံခဲ့ရာကနေ စတင်ခဲ့တာပါ။ အဲဒီနောက် အစိုးရက စာမေးပွဲအတွင်း လိမ်လည်မှုတွေကို တားဆီးနိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေကို အလျင်အမြန် တင်းကျပ်ခဲ့ပါတယ်။

ရှစ်နာရီကြာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွင်း Wi-Fi အသုံးပြုမှုကို ကန့်သတ်ခဲ့သလို မျက်မှန်တွေနဲ့ အဝတ်အစားကြယ်သီးတွေမှာ လျှို့ဝှက်ကိရိယာတွေ တပ်ဆင်ထားခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် ဖုံးကွယ်ယူဆောင်လာတဲ့ မိုဘိုင်းဖုန်းတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ နိုင်ငံတစ်ဝန်း သတိပေးချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ဒီစာမေးပွဲအတွက် ကျောင်းသားဦးရေ ၅၅၀,၀၀၀ ကျော် စာရင်းပေးသွင်းခဲ့ကြပြီး တောင်ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိရေးအတွက် အလွန်အရေးပါတဲ့ စာမေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။ဝန်ကြီး ချွဲကတော့ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထပ်ခါတလဲလဲ ပြောင်းလဲခဲ့တာကြောင့် ကျောင်းသားတွေနဲ့ စာမေးပွဲတာဝန်ရှိသူတွေ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
အာရှ
သတင်း

ကလေးသူငယ်ညှဉ်းပန်းမှုဖြင့် အင်ဒိုနီးရှားကျောင်းအုပ် ထောင် ၅ နှစ်ကျ

One News

Nov 20, 2026 20

အင်ဒိုနီးရှားနိုင်ငံမှာ လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားတဲ့ ကလေးထိန်းကျောင်းတစ်ခုမှာ ကလေးငယ်တွေကို ညှဉ်းပန်း နှိပ်စက်ပြီး လျစ်လျူရှုထားခဲ့တဲ့အမှုနဲ့ ပတ်သက်လို့ ကျောင်းအုပ်ဟောင်းကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ် လို့ BBC သတင်းမှာ ဖော်ပြပါတယ်။