ကလေးသူငယ်ညှဉ်းပန်းမှုဖြင့် အင်ဒိုနီးရှားကျောင်းအုပ် ထောင် ၅ နှစ်ကျ
One News
Nov 20, 2026
အင်ဒိုနီးရှားနိုင်ငံမှာ လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားတဲ့ ကလေးထိန်းကျောင်းတစ်ခုမှာ ကလေးငယ်တွေကို ညှဉ်းပန်း နှိပ်စက်ပြီး လျစ်လျူရှုထားခဲ့တဲ့အမှုနဲ့ ပတ်သက်လို့ ကျောင်းအုပ်ဟောင်းကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ် လို့ BBC သတင်းမှာ ဖော်ပြပါတယ်။
ဒီအမှုဟာ အင်ဒိုနီးရှားတစ်နိုင်ငံလုံးမှာ လူထုဒေါသထွက်စရာ ဖြစ်ခဲ့တဲ့အပြင် ကလေးထိန်းကျောင်းတွေရဲ့ လုံခြုံရေးနဲ့ လိုင်စင်ဆိုင်ရာ စည်းမျဉ်းတွေကိုပါ ပြန်လည်စစ်ဆေးဖို့ တွန်းအားပေးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ အမှုဖြစ်ပွားခဲ့တဲ့နေရာကတော့ အင်ဒိုနီးရှားနိုင်ငံ Yogyakarta မြို့ရှိ Little Aresha ကလေးထိန်းကျောင်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက အဲဒီကျောင်းကို ဝင်ရောက်စီးနင်း စစ်ဆေး ခဲ့ရာမှာ ကလေးငယ်တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဆက်ဆံမှုတွေ ရှိနေခဲ့တာကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် ကလေးငယ်တချို့ရဲ့ လက်နဲ့ခြေထောက်တွေကို အဝတ်စတွေနဲ့ တုပ်နှောင်ထားတာကို တွေ့ရှိခဲ့ရ တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ကြောင့် မိဘတွေနဲ့ ပြည်သူတွေ အကြီးအကျယ် ဒေါသထွက်ခဲ့ကြပြီး အင်ဒိုနီးရှား တစ်နိုင်ငံလုံးက ကလေး ထိန်းကျောင်းတွေကိုပါ ပိုမိုတင်းကျပ်စွာ စစ်ဆေးဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပါ တယ်။ အာဏာပိုင်တွေရဲ့ အဆိုအရ အင်ဒိုနီးရှားနိုင်ငံမှာ ကလေးထိန်းကျောင်းအများအပြားဟာ လိုအပ်တဲ့ လုပ်ငန်းလိုင်စင်တွေ မရှိဘဲ ဖွင့်လှစ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး Little Aresha ကျောင်းအုပ်အပါအဝင် ဝန်ထမ်း ၁၁ ယောက်နဲ့ ကလေးထိန်းကျောင်းကို လည်ပတ်နေတဲ့ ဖောင်ဒေးရှင်းရဲ့ အကြီးအကဲတို့ကိုပါ တရားစွဲဆိုခဲ့ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE