ဈေးကွက် • 1 min read
သတင်း

Coffee Expo Seoul 2027 ၌ မြန်မာကို ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် ရွေးချယ်

One News

Nov 25, 2026

Coffee Expo Seoul 2027 ၌ မြန်မာကို ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် ရွေးချယ်
0 Shares
8 Views

 

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ COEX ပြပွဲခန်းမမှာ ၂၀၂၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်ကနေ မေလ ၁ ရက်အထိ ကျင်းပသွားမယ့် Coffee Expo Seoul 2027 မှာ မြန်မာနိုင်ငံကို တရားဝင် ဂုဏ်ထူးဆောင် ဧည့်သည်နိုင်ငံ (Official Guest Country of Honor)အဖြစ် ရွေးချယ်လိုက်တယ်လို့ ပြပွဲကျင်းပရေးအဖွဲ့က နိုဝင်ဘာလ ၁၇ ရက် မှာ ဆိုးလ်မြို့ရှိ မြန်မာသံရုံးကို တရားဝင် အကြောင်းကြားလာတယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာ့ကော်ဖီ ယဉ်ကျေးမှုကို မြှင့်တင်ဖော်ထုတ်ဖို့နဲ့ ကိုရီးယားနိုင်ငံမှာ စီးပွာရေးမိတ်ဖက် ဆက်ဆံမှုအသစ်တွေ တည်ဆောက်ဖို့ ခိုင်မာတဲ့ ရည်မှန်းချက်နဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပါဝင်တဲ့အတွက် ထူးခြားထင်ရှားခဲ့တယ်လို့ Coffee Expo Seoul 2027 Secretariat ရဲ့ အကြောင်းကြားစာမှာ ပါရှိပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံကို အခုလို ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ် ရွေးချယ်ခဲ့တဲ့အပေါ် ဝမ်းမြောက် ဂုဏ်ယူ ကြောင်းနဲ့ လာမယ့် ၂၀၂၇ ခုနှစ်၊ ဧပြီလမှာ ကျင်းပမယ့် ပြပွဲမှာ မြန်မာနိုင်ငံကို ကြိုဆိုလက်ခံရမှာ ဖြစ်တဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ဆိုပါတယ်။

မှတ်တမ်းတွေအရ Coffee Expo Seoul ပြပွဲတွေမှာ မြန်မာနိုင်ငံဟာ ဂုဏ်ထူးဆောင် ဧည့်သည်နိုင်ငံအဖြစ် ပထမ ဆုံး ရွေးချယ်ခံရတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စိတ်ပါဝင်စားမှုနဲ့ ဆိုးလ်အခြေစိုက် မြန်မာသံရုံးရဲ့ အပြည့်အဝ ပူးပေါင်း ပါဝင်မှုတွေကို ပြသနိုင်ခဲ့တယ်လို့လည်း အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။Coffee Expo Seoul ဟာ ကော်ဖီလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ထုတ်လုပ်သူတွေ၊ တင်သွင်းသူတွေ၊ ဖြန့်ဖြူး ရောင်းချသူ တွေနဲ့ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ တွေ့ဆုံ ချိတ်ဆက်နိုင်တဲ့ နိုင်ငံတကာ ကုန်သွယ်မှုပြပွဲတစ်ခု ဖြစ်ပြီး အဲဒီပြပွဲနဲ့အတူ Korea International Bakery Fair (KIBA) 2027 ကိုလည်း လာမယ့် ၂၀၂၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်ကနေ မေလ ၁ ရက်အထိ ဆိုးလ်မြို့ရှိ COEX ပြပွဲခန်းမမှာ တစ်ပြိုင်နက်တည်း ကျင်းပသွားမှာ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံအနေနဲ့ အခုလို တရားဝင်ဂုဏ်ထူးဆောင် ဧည့်သည်နိုင်ငံအဖြစ် ရွေးချယ်ခံရတာဟာ မြန်မာ့ကော်ဖီရဲ့ အရည်အသွေးနဲ့ ထုတ်လုပ်မှု အလားအလာတွေကို ကိုရီးယားဈေးကွက်နဲ့ နိုင်ငံတကာ ဈေးကွက်ကို ပိုမိုမိတ်ဆက် ဖော်ထုတ်နိုင်မယ့် အခွင့်အလမ်းတွေ ရရှိမှာ ဖြစ်တယ်လို့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဈေးကွက်
သတင်း

တရုတ်သို့ ထောပတ်သီးတင်ပို့ရန် စာချုပ်မူကြမ်းဒုတိယပိုင်း လက်မှတ်ရေးထိုး

One News

Nov 23, 2026 24

တရုတ်နိုင်ငံကို မြန်မာ့ထောပတ်သီး တရားဝင်တင်ပို့နိုင်ဖို့အတွက် လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်နေရာ လက်ရှိမှာ ဒုတိယပိုင်းစာချုပ်မူကြမ်း လက်မှတ်ရေးထိုးထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကနေ သိရပါတယ်။